Tech's Digital Pocket

နည်းပညာဆိုင်ရာ ကူညီပံ့ပိုးပေးဖို့ အသင့်ရှိနေတဲ့ TDP

About Us

👉👉👉Tech's Digital Pocket ဆိုတာဘာလဲ TDP ဆိုတာဘာလဲမရှင်းပြခင် ..ပထမဆုံး လူကြီးမင်းအနေနဲ့ ကျွန်တော်တို့ Website ကို ၀င်‌ရောက်လေ့လာပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောပါရစေ.. ကျွန်တော်တို့ Tech's Digital Pocket အနေနဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော TDP REAL ESTATE OPERATION MANAGEMTN SYSTME ဆိုတဲ့ထိပ်တန်း အိမ်ခြံမြေလုပ်ငန်းရှင်ကြီးများစွာ အသုံးချပြီး မှတ်ချက်ကောင်းများစွာရရှိထားတဲ့ ရုံးသုံးအိမ်ခြံမြေ Software ကဲ့သို့ ကိုယ်ပိုင် Product များစွာဖြင့် ရပ်တည်နေတဲ့ လုပ်ငန်းစုဖြစ်သလို စျေးကွက်မှာ မရှိသေးတဲ့ နည်းပညာပိုင်းအရ လိုအပ်နေတဲ့ အသစ်အသစ်များစွာကို ဖန်တီးနေတဲ့ စွန့်ဦးတီထွင်လုပ်ငန်းတစ်ခုဖြစ်ပါတယ် ဒါ့အပြင် Tech's Digital Pocket ဆိုတဲ့အတိုင်းပဲ ကျွန်တော်တို့ လုပ်ငန်းစုအနေဖြင့် မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်များ၏ တိုးတက်အောင်မြင်မှုများကို နည်းပညာပိုင်းဆိုင်ရာ အကူအညီများကို များစွာပေးစွမ်းနိုင်ရေး၊ ကျွန်တော်တို့ လုပ်ငန်းရှင်ကြီးများ ရင်ဆိုင်နေရသော နည်းပညာဆိုင်ရာ အခက်အခဲများကို ‌လွယ်ကူလျှင်မြန်စွာ ဖြေရှင်းပေးနိုင်ရေးဆိုတဲ့ အချက် ၂ ချက်နဲ့ ခိုင်ခိုင်မာမာရပ်တည်နေတဲ့ နာမည်ကောင်းနဲ့ ရပ်တည်နေတယ့် လုပ်ငန်းဖြစ်ကြောင်း ကျွန်တော်တို့ လုပ်ငန်းရှင်ကြီးများစွာကို လေးစားစွာအသိပေးအပ်ပါတယ်ခင်ဗျာ....🙏🙏🙏

Web Application Development

၂၁ ရာစုဆိုတဲ့ အချိန်နှင့်အမျှ တိုးတက်နေတဲ့ နည်းပညာခေတ်ကြီးမှာ ကိုယ်ပိုင် Website မရှိခြင်းကလဲ... ဓါတ်လှေကားမပါတဲ့ အထပ်မြင့်အဆောက်အဦးလိုပါပဲ... အပြင်ပန်းက ကြည့်ရင်တော့အရမ်းလှတာပဲ..ဒါပေမယ့်..သူနဲ့အနီးဆုံးကို ရောက်ရှိနိုင်ဖို့ လွယ်ကူစွာတက်ရောက်နိုင်တဲ့ ဓါတ်လှေကားမတက်ပေးထားတဲ့အတွက် တစ်ချို့ဖြစ်နိုင်ခြေရှိတဲ့ အရေးကြီးဖောက်သည်တွေက အမောမခံနိုင်ဘဲ လှည့်ပြန်သွားတာမျိုး ဖြစ်တက်ပါတယ်... ဒီလိုပါပဲ Website တစ်ခုရှိခြင်းက မိတ်ဆွေရဲ့လုပ်ငန်းအတွက် ဒီဂျစ်တယ် စာအုပ်၊ မဂ္ဂဇင်း ဒါမှမဟုတ် ခေတ်မှီလက်ကမ်းစာစောင်တစ်ခုလိုပါပဲ သူ့မှာ domain လို့ခေါ်တဲ့ နာမည်တစ်ခုရှိပြီး ဝက်စ် စာမျက်နှာလို့ခေါ်တဲ့  စာမျက်နှာပေါင်းများစွာရှိပါတယ်.. အဆိုပါစာမျက်နှာတွေမှာ မိတ်ဆွေအနေနဲ့ ကိုယ်စာသုံးသူကို ပြောပြချင်တဲ့ အကြောင်းအရာပေါင်းများစွာ ဖန်တီးရေးသားနိုင်ပြီး ..စားသုံးသူနဲ့ ကိုယ်နဲ့အကြား အလျင်မြန်ဆုံးပေါင်းကူးပေးမယ့်..ဓါတ်လှေကားတစ်စင်းဆိုလည်းမမှားပါဘူး.. ဒါကြောင့် မိတ်ဆွေအနေနဲ့ ခေတ်မှီတဲ့ နည်းပညာနဲ့ပေါင်းစပ်ထားတဲ့ ဓါတ်လှေကားတစ်စင်းရဖို့ အဝေးကြီးကိုရှာစရာမလိုပါဘူး ကျွန်တော်တို့ Tech's Digital Pocket က အကောင်းဆုံးဝန်ဆောင်မှုပေးနေပါတယ်...

Mobile Application (Android & iOS) ဖန်တီးရေးသားပေးခြင်း။

လူကြီးမင်းအနေနဲ့ ပြိုင်ဆိုင်မှုများစွာရှိနေတဲ့ ဈေးကွက်ပြိုင်ဘက်တွေကြား မိမိရဲ့ အမာခံစားသုံးသူ၊ ဖောက်သည်တွေကို အခိုင်အမာလက်တွဲထားနိုင်ဖို့ဆိုတာ သိပ်ကို အရေးကြီးပါတယ်၊ ကိုယ်ရဲ့စားသုံးသူ ဖောက်သည်တွေက ကိုယ်မှကိုယ်ဖြစ်နေဖို့ဆိုတာ မိမိလုပ်ငန်းရဲ့ ဝန်ဆောင်မှု အပေါ်စိတ်ကျေနပ်မှု စားသုံးသူအပေါ်ဂရုစိုက်မှု၊အလေးထားမှု စတဲ့အချက်တွေအပြင် နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ခုက စားသုံးသူနဲ့ ထပ်ကျပ်မကွာရှိနေဖို့ သိပ်ကိုအရေးကြီးပါတယ်...အဲ့လို ထပ်ကျပ်မကွာရှိဖို့ဆိုတာ မိတ်ဆွေရဲ့ လုပ်ငန်းက စားသုံးသူအတွက် ဘယ်လိုအကျိုးအမြတ်တွေပေးနိုင်တယ်...စားသုံးသူတွေအပေါ်မှာဘယ်လောက်ထိဂရုစိုက်နေပါတယ်ဆိုတာပြသနိုင်တဲ့ Mobile Application တစ်ခုဖန်တီးပြီး ဈေးကွက်ပြိုင်ဘက်တွေကြား ခိုင်မာတဲ့ Positioning တစ်ခုကို အရယူပြီး ရေရှည်အောင်မြင်မှုတစ်ခုကို ဖန်တီးနိုင်ရမှာဖြစ်ပါတယ်... ဒါကြောင့် မိတ်ဆွေရဲ့ ရေရှည်အောင်မြင်မှုတစ်ခုကို ဖန်တီးတဲ့နေရာမှာ ကျွန်တော်တို့ TDP ရဲ့  Mobile Application ဝန်ဆောင်မှုကနေ ခေတ်ဆန်ပြီး၊ စမတ်ကျတဲ့ အသုံးပြုရလွယ်ကူပြီး စားသုံးသူရဲ့ နှလုံးသားတစ်ခုလုံး အပိုင်သိမ်းနိုင်စေမယ့် Application တစ်ခုဖြစ်ဖို့ တာဝန်ယူပါတယ်... ဘာကြောင့်လဲ..လူတွေက ထုတ်ကုန်တစ်ခုကိုသုံးစွဲနေရာမှာ ရေရှည်အောင်မြင်မှုဆိုတာ ဟတ်ထိမှရမှာမဟုတ်လား...ကျွန်တော်ကြားဖူးတဲ့စားသုံးသူတစ်ယောက်ပြောတဲ့ စကားလို့ပေါ့... လူကြီးမင်းဘာလို့ Apple ကို သုံးတာလဲဆိုတော့..ကျွန်တော် အရမ်းကြိုက်လို့.. ဟတ်ထိလို့တဲ့ဗျာ...ကဲ..ဘယ်လောက်တောင်မိုက်လဲ..အဲ့လိုစားသုံးသူမျိုးရဖို့ ကျွန်တော်တို့တာဝန်ထားပါမိတ်ဆွေ...ယခုပဲ မိမိလုပ်ငန်းအတွက် များစွာ အကျိုးရှိလှတဲ့ Mobile Application တစ်ခု ဖန်တီးရေးသားဖို့ ကျွန်တော်တို့ Teams ကစောင့်ကြိုနေပါတယ်....

ခပ်မိုက်မိုက် Web Design (UI/UX) / Graphic Design ဖန်တီးရေးဆွဲပေးခြင်း။

လုပ်ငန်းတစ်ခုမှာ အရေးကြီးဆုံးက ...ကိုယ်ရဲ့ထုတ်ကုန် (သို့) ၀န်ဆောင်မှုကို လူအများသိအောင် ၊ အသုံးပြုလာ ဖို့၊ စျေးကွက်မှာတွင်တွင်ကျယ်ကျယ် အသုံးပြုလာဖို့ပဲ ဖြစ်တယ်...အခုမိတ်ဆွေဖြစ်ချင်စေချင်တဲ့ အရာတွေ အောင်မြင်နိုင်ဖို့ဆိုတာ စားသုံးသူရဲ့ ပထမအာရုံကို ဘယ်လောက်တောင် ဆွဲ‌ဆောင်နိုင်လဲဆိုတဲ့အပေါ်မှာမှုတည်ပါတယ်... ပထမအာရုံ First Impression ကဘယ်လောက်တောင်အရေးကြီးလဲဆိုတော့.. ကျွန်တော့်အ့တွေ့အကြုံလေးတစ်ခုကို သတိရမိတယ်..ကျွန်တော်အွန်လိုင်း shop  ၂ ခုကနေ ပစည်းလေးတစ်ခုလိုအပ်လို့ မှာဖို့ဆုံးဖြတ်လိုက်တဲ့အခါ Page ထဲကို ၀င်ကြည့်မိတယ် စားသုံးသူတွေပေးထားတဲ့ Review တွေကလည်း အတူတူလောက်ပဲ တကယ်မှာဖို့ ဆုံးဖြတ်လိုက်တဲ့အခါကျတော့.. Page မှာတင်တဲ့ ပုံတစ်ပုံချင်းစီကအစ သပ်သပ်ရပ်ရပ်နဲ့ ကြော်ငြာထားတဲ့ လုပ်ငန်းကနေ မှာဖြစ်လိုက်တယ်... အဲ့မှာ ကျွန်တော် သိလိုက်ရတာက အချက်အလက်တွေအားလုံးတူညီနေရင်တောင် ပုံတစ်ပုံက အဆုံးအဖြတ်ပေးနိုင်လားပေါ့ ဒီလိုဒီလို .... စားသုံးသူတွေရဲ့ အကြိုက်တွေကို ကောင်းကောင်းသိထားလို့ မိတ်ဆွေရဲ့လုပ်းငန်းအတွက် စားသုံးသူရဲ့ ပထမအာရုံ First Impression ကို ရဖို့ ကျွန်တော််််် တို့ တာ၀န်ထားပါ မိတ်ဆွေက... ပီတိလေးပဲခံစားပေးပါ... ကဲ..စာလေးဖတ်ရင်း စိတ်၀င်စားနေမယ်လို့ ယုံကြည်ပါတယ်..စိတ်၀င်စားနေရုံနဲ့ မပြီးသေးဘူးနော် မိတ်ဆွေ....အခုပဲ hello လိုက်တော့နော်....

နည်းပညာဆိုင်ရာ အခမဲ့ အကြံညဏ်များပေးခြင်း...

ဆန်ပေးမှ ဆီရတဲ့ခေတ်ကြီးမှာ ကျွန်တော်များ TDP အနေနဲ့ ဆန်မပေးလည်းဆီပေးပါတယ်... အော်... ဘာများလည်းလို့မတွေးပါနဲ့ နည်းပညာဆိုင်ရာ အခမဲ့အကြံညဏ်ပေးခြင်းဆိုတဲ့အတိုင်း လူကြီးမင်းတို့ရဲ့ လုပ်ငန်းမှာ နည်းပညာဆိုင်ရာ အခက်အခဲတစ်စုံတစ်ရာ ရှိလို့ တိုင်ပင်ရမယ့် ..အကြံညဏ်တောင်းဖို့ခက်နေတယ်ဆိုရင် ..အဲ့အတွက် စိတ်မပူပါနဲ့ ကျွန်တော်များ Tech's Digital Pocket Co.,ltd မှာ မည်သည့်အခကြေး ငွေတစ်စုံတစ်ရာ ပေးစရာမလိုဘဲ... လူကြီးမင်းတို့သိရှိလိုသမျှနည်းပညာဆိုင်ရာ အကြံညဏ်များကို ဖုန်းလေးတစ်ချက်ဆက်လိုက်ရုံနဲ့  နည်းပညာဆိုင်ရာ ကျွမ်းကျင်ပြီး အတွေ့အကြုံများစွာရှိတဲ့ ကျွန်တော်တို့ လုပ်ငန်းကနေတစ်ဆင့်သိရှိနိုင်မှာဖြစ်ပါတယ်...

ဒီဇိုင်း Service တွေရော TDP မှာရှိရဲ့လား...

သိပ်ကိုရှိတောပေါ့...ကျွန်တော်တို့ TDP မှာ မိတ်ဆွေရဲ့ ကောင်းမွန်ပြောင်မြောက်လှတဲ့ စိတ်ကူးတွေ၊ ဆန်းသစ်တဲ့ အတွေးအခေါ်တွေ၊ အကြံညဏ်တွေကို နှုတ်တစ်ရာ စာတစ်လုံးဆိုသလိုပဲ... ကိုယ်ပြောချင်တဲ့အကြောင်းအရာ ကိုယ်က စားသုံးသူကိုပေးချင်တဲ့ ထိရောက်တဲ့ Message စတဲ့ မိတ်ဆွေရဲ့ စိတ်ကူးတွေကို ပုံနှိပ်ရိုက်ထားသလို အကောင်အထည်ဖော်ပေးဖို့ ကျွန်‌တော်တို့ရဲ့ TDP မှာ Design Service တွေအနေနဲ့  ဒါတွေရနေပြီနော်...

Design Service တွေဖြစ်တဲ့...

- Brand Identity Design, 

- Brand Guidelines, 

- Packaging Design, 

- Marketing Design, 

- OOH and Print Media Design

- Product 3D Design

Digital Marketing Solution

လူကြီးမင်းအနေနဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေတဲ့သူတစ်ယောက်ဆိုရင် ၊ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ၂၁ ရာစု စီးပွားရေးနယ်ပယ်မှာ.သာမာန် သမာရိုးကျ Traditional Marketing ‌တွေပဲလုပ်နေရပြီး အများထက် နှာတစ်ဖျားသာမှဖြစ်မယ် နည်းပညာပိုင်းဖြစ်တဲ့ Digital Marketing နဲ့ပက်သက်ပြီး လေ့လာဖို့ လည်းလိုတယ်...လူကြီးမင်းက အလုပ်အရမ်းများတဲ့သူဆိုတော့ အဲ့အတွက် အချိန်မပေးနိုင်ဘူးဆိုရင် စိတ်မပူနဲ့ နည်းပညာအိတ်‌ဆောင်ဖြစ်တဲ့ ကျွန်တော်တို့ TDP မှာ.. Digital Marketing Service တွေဖြစ်တဲ့ ..ဒါတွေရှိတယ်... 

Specialist Marketing Service တွေဖြစ်တဲ့...

- Facebook Boosting Targeting Service (Message,Reach, Engaement, Like & Follower)
- Social Media Marketing Service
- Traditional Marketing Service
- Social Media Business Content Marketing Service
- E-mail Marketing Service
- Video Marketing Service
- Bot Reply System
- Affiliate Marketing Service
- Data Base Marketing Service
- Inbound Marketing Service
- Outbound Marketing Service
- Boundless Marketing Service

Data Base Marketing Service

အခုလို ဈေးကွက်အပြိုင်အဆိုင်များလာတဲ့ခေတ်ကြီးထဲမှာ ကိုယ်က ဈေးကွက်မှာနေရာရဖို့ဆိုတာ မားကတ်တင်းလုပ်ရုံနဲ့မရတော့ပါဘူး... ကိုယ်ရဲ့စားသုံးသူအပေါ်မှာ ဘယ်လောက်ဂရုစိုက်၊ အလေးထားပေးနိုင်လဲဆိုတဲ့အပေါ်မှာလည်းမှုတည်ပါတယ်..စကားပုံလေးတစ်ခုလိုပေါ့..ကြီးတဲ့ငါး စားတဲ့ခေတ် မဟုတ်တော့ပါဘူး လျှင်တဲ့ငါး စားတဲ့ခေတ်ဖြစ်သွားပါပြီး..မိတ်ဆွေက လျှင်မြန်တဲ့ ငါးတစ်ကောင်ဖြစ်ဖို့  ဆိုတာ TDP က မိတ်ဆွေကို နည်းပညာရဲ့ ပံ့ပိုးမှုနဲ့အတူ စားသုံးသူများရဲ့ လိုချင်တဲ့ အချက်အလက်များကို လွယ်လွယ်ကူကူရှာဖွေပေးပါလိမ့်မယ်..

Social Media Business Content Marketing Service

မိတ်ဆွေဟာ တစ်ပိုင်တစ်နိုင်ပဲဖြစ်ဖြစ် ၊ လုပ်ငန်းကြီးပဲဖြစ်ဖြစ် ကိုယ်ပိုင်လုပ်ကိုင်နေတဲ့သူဆိုရင် ... မိမိရဲ့ လုပ်ငန်းကို လူသိဖို့ ၊ မိမိရဲ့ ထုတ်ကုန် (သို့) ဝန်ဆောင်မှုကို လူသိဖို့ဆိုတာ.. လူတွေဘယ်လောက်စိတ်ဝင်စားအောင် ဖန်တီးနိုင်လဲဆိုတဲ့အပေါ်မှုတည်ပါတယ်... အဲ့လိုဖန်တီးဖို့ မိတ်ဆွေအတွက် အကောင်းဆုံး Content ဖန်တီး‌ရေးသားပေးမယ့် မိတ်ဆွေအတွက် ကိုယ်ပွားလေးကို ရှာနေတယ်ဆိုရင် ... အခုပဲ Tech's Digital Pocket ကိုတွေ့တော့..ဟန်ကျပြီပေါ့... 

Facebook Page Boosting & Strategy Service

မိတ်ဆွေသာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဆိုရင် ၂၁ ရာစုဆိုတဲ့ ခေတ်ကြီးထဲမှာ မဖြစ်မနေလုပ်ကို လုပ်ရမယ့် Market Influence အဖြစ်ဆုံး Social Medial App တစ်ခုဖြစ်တဲ့ Facebook ရဲ့ Tools တစ်ခုဖြစ်တဲ့ Service ကို ထိထိရောက်ရောက် ကျွမ်းကျွမ်းကျင်ကျင် လုပ်တက်ဖို့လိုအပ်ပါတယ်..

ကိုယ်ပေးလိုက်ရတဲ့ အချိန်...

ကိုယ်ပေးလိုက်ရတဲ့ ..ငွေကြေး

ကိုယ်ပေးလိုက်ရတဲ့ ... စဉ်းစားတွေးခေါ်မှု..

စတဲ့ မိတ်ဆွေရဲ့ တန်ဖိုးရှိတဲ့ အရာတွေကို ကိုယ်ပေးသလောက် ပြန်ရနိုင်ဖို့ ... အမှန်တကယ် ထိရောက်တဲ့ ကျွမ်းကျင်စွာ Boosting လုပ်ပေးနိုင်မယ့်... Marketing Agency ကို ပြောပါဆိုရင် တစ်ခြားမှာ မရှိပါဘူး TDP မှာပဲ ယုံကြည်စွာ လက်တွဲဖို့ ဖိတ်ခေါ်ပါတယ်...

စီးပွားရေးဆိုင်ရာ အကြံညဏ်များပေးခြင်း။

ကိုယ့်ရဲ့လုပ်ငန်းမှာ ကိုယ်တစ်ယောက်တည်း အရာရာကို ဦးဆောင်နေရတယ် လုပ်ငန်းက ရှေ့မရောက်တော့ဘူးလို့ ခံစားနေရတယ် (ဒါမှမဟုတ်) မိတ်ဆွေဟာစီးပွားရေးလုပ်ငန်းအသစ်တွေတိုးချဲ့ချင်တယ်...နည်းပညာခေတ်ကြီးထဲမှာ နည်းပညာရဲ့အထောက်အပံ့တ်ခုကို ရဖို့ ကြိုးစားနေရတယ်..ဒါဆို မိတ်ဆွေအခုပဲ မိတ်ဆွေရဲ့ အတွေးကို ရပ်တန့်လိုက်ပါ.. TDP မှာ..မိတ်ဆွေရဲ့ လုပ်ငန်းယခင်ထက် အဆပေါင်းများစွာတိုးတက် အောင်မြင်စေဖို့ TDP က မိတ်ဆွေကို အကောင်းမွန်ဆုံး အကြံညဏ်သစ်များစွာနဲ့ ကူညီပေးဖို့ အသင့်ရှိနေပါတယ်..

Portfolio

TDP Real Estate Operation Management Systems

Contact

Contact Us

Location:

အမှတ်(၁၁၂၂) ၊ မြင်တော်သာလမ်းမကြီးပေါ်၊ ဆီဆိုင်မှတ်တိုင် ၊ သာကေတမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

Call:

+95 +959 969659394, +959 448 035 963

Loading
Your message has been sent. Thank you!